ရှာဖွေပါ..........ဖတ်ပါ.........မှတ်သားပါ........လေ့လာပါ.........လက်တွေ့လုပ်ပါ

05 November 2012

Local Disk C:/D: ကို Double-Click ဖြင့် ပုံမှန်အတိုင်း ဖွင့်မရပါက

          ကွန်ပျူတာများစွာ Local Disk C:/D: ကို Double-Click ဖြင့် ပုံမှန်အတိုင်း ဖွင့်၍မရခြင်း ပြဿနာများ ယခုတလော ဖြစ်ပေါ်လျက်ရှိသည်။ တချို့ PC မှာ Local Disk C: ကိုသာဖွင့်လိုရပြီး ကျန်သော Drive ကိုဖွင့်မရပါ။ တချို့ PC မှာ Windows အသစ်ဖြင့် ထွက်ပေါ်လာသည်။ တချို့မှာ Program ကိုရွေးချယ်ပြီး ဖွင့်ခိုင်းသည်။ ဒါက Virus ကြောင့်ပါ။ Virus ကိုသတ်ပြီးသည့်တိုင် ထို Drive ကို ပုံမှန်အတိုင်း Double-Click နှိပ်၍ မပွင့်လာပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အောက်ပါနည်းလမ်းများအတိုင်း စမ်းသပ်ကြည့်ပါ။


(၁). Local Disk တွေကို ဖွင့်လိုက ၎င်း Drive ၏ နံပါတ်- ဥပမာ {C:, D:, E:, …} ကို Run ၏ Open Box တွင် C:, D:, E:, … တစ်ခုခုဖြင့် ရိုက်ထည့်၍ Enter ခေါက်ပြီး ဖွင့်နိုင်ပါသည်။
(၂). My Computer ကိုဖွင့်ပြီး Address Box တွင် C:, D:, E:, … တစ်ခုခုဖြင့် ရိုက်ထည့်၍ Enter ခေါက်ပြီး ဖွင့်နိုင်ပါသည်။
          ဒါကတော့ ပြဿနာ မဖြေရှင်းဘဲနဲ့ ဖွင့်နိုင်တဲ့နည်းပါ။
          ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ၂ မျိုးရှိပါတယ်။ တစ်နည်းက Registry ထဲဝင်ပြီး ဖြေရှင်းနိုင်ပြီး နောက်တစ်နည်းက Cmd, Command Prompt ထဲမှာဝင်ပြီး Command ထည့်၍ ဖြေရှင်းနိုင်ပါတယ်။ ဒီမှာ Registry ထဲကိုဝင်ပြီး ဖြေရှင်းတဲ့နည်းကို တင်လြိုပေမယ့် အမှားများလုပ်မိမှာစိုးလို့ မတင်ပြလိုပါ။
၁။ Start Menu >> Run >> Type ''CMD'' or ''Command'' >> Enter
၂။ Command Prompt ထဲတွင် C:\> အထိ ရောက်အောင်ခေါ်ပါ။ ခေါ်ရန် cd.… ကို ရိုက်ထည့်၍ Enter ခေါက်ပါ။ များသောအားဖြင့် နှစ်ခါ ရိုက်ထည့်ရမည်ဖြစ်သည်။
၃။ Local Disk C: အတွက်
c:\> attrib –r –s –h autorun.inf                 c:\> del autorun.inf
Local Disk D: အတွက်
d:\ attrib –r –s –h autorun.inf                            d:\> del autorun.inf
Drive E: အတွက်
e:\ attrib –r –s –h autorun.inf                            e:\> del autorun.inf
စသည်ဖြင့် Drive အလိုက်လုပ်ပါ။ အထက်ပါ လုပ်ဆောင်ချက်သည် Autorun.inf file ကို Delete လုပ်တဲ့သဘောပါ။
၎။ ထို့နောက် PC ကို Restart လုပ်ပါ။
၅။ PC ပြန်တက်လာသောအခါ အောက်ပါ Command ကို ရိုက်ထည့်ပါ။
- Open Start Menu >> Run Box တွင် ရိုက်ထည့်ရန်
''regsvr32/ i shell32.dll''
မှတ်ချက် ။  ။ 32/ အကြားတွင် Space တစ်ခါပါသည်။ i shell အကြားတွင် Space တစ်ခါပါသည်။
၆။ ရိုက်ထည့်ပြီး OK နှိပ်ပါ။
၇။ ထို့နောက် အောက်ပါ Message Box တစ်ခုထွက်လာလိမ့်မည်။
DllRegisterServer and Dlllnstall in shell32.dll succeeded
          အဲ့ဒီလိုပေါ်လာရင်တော့ အောင်မြင်သွားပါပြီ။ ကွန်ပျူတာ သုံးစွဲသူများ အောင်မြင်စွာ စမ်းသပ်နိုင်ကြပါစေ။


တေးသီငှက်မှတစ်ဆင့် ပြန်လည်ဖော်ပြထားပါသည်။

No comments:

Post a Comment