သင်အသုံးပြုနေသော ကွန်ပျူတာသည် User
၂ ခု (သို့) ၂ ခုထက်ပိုရှိနေတယ်ဆိုရင် သင့်ရဲ့ File Folder များအား
Private လုပ်ထားသင့်ပါတယ်။ သင်အသုံးပြုနေတဲ့ သင့်ရဲ့ အချက်အလက်တွေဟာ
ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ လုပ်ငန်းအရဖြစ်စေ၊ လုံခြုံမှုရှိမှသာ ဖြစ်ပါလိမ့်မယ်။
ဒါမှ သင့်ရဲ့ အချက်အလက်တွေကို တစ်ပါးသူတွေ မခိုးယူနိုင်မှာပဲ ဖြစ်ပါတယ်။
စတင်ပြီးတော့ စမ်းသပ်လုပ်ဆောင်ကြရအောင်-
၁။ ဦးစွာ User ရှိတဲ့နေရာ Windows System ရှိတဲ့ Local Disk (C) ထဲကို ၀င်ပါ။
၂။ အကယ်၍ Local Disk (C) သည် Hidden ဖြစ်နေပါက Show the contents of this folder ကို နှိပ်လိုက်ပါ။
၃။ ထို့နောက် Documents and Setting ထဲကို Double Click ဖြင့် ၀င်ရောက်ပါ။
၎။ ယင်းနောက် မိမိ၏ User Folder ကိုဖွင့်လိုက်ပါ။
မိမိ၏ User Name ကို သိလိုက Start Menu တွင် ၀င်ကြည့်လိုက်ပါ။
၅။ မိမိ Private လုပ်လိုသော Folder ပေါ်တွင် Right Click နှိပ်ပြီး Properties ကို နှိပ်ပါ။
၆။ Properties Dialog Box မှ Sharing Tab
ကိုနှိပ်ပြီး Local Sharing and Security Option အောက်မှ Make this folder
private check box ကို အမှန်ခြစ်ပေးလိုက်ပါ။
၇။ ထို့နောက် Apply >> OK ပေးလိုက်ပါ။
တစ်ကယ်တော့ ဒီလုပ်ဆောင်ချက်ဟာ
မိမိ၏ User Profile ထဲမှာရှိတဲ့ Folder များကိုသာလုပ်၍ ရနိုင်ပါတယ်။ မိမိ
Folder အား Private လုပ်ထားပါက ဥပမာ- My Documents – My Document
ထဲတွင်ရှိသော File, Sub-Folder များဖြစ်ကြသည့် My Music and My Pictures
Folder များကိုလည်း Private ထားမည်ဖြစ်သည်။ အကယ်၍ မိမိ၏ Drive သည် NTSF-New
Technology file System ဖြင့် မပြောင်းထားပက အသုံးမပြုထားပါက မိမိ၏ Folder
အား Private လုပ်၍ မရနိုင်ဘူးဆိုတာကိုတော့ သိထားသင့်ဖို့ လိုအပ်ပါတယ်။
တေးသီငှက် မှတစ်ဆင့် ကူးယူဖော်ပြထားပါသည်။
No comments:
Post a Comment