ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ ကွန်ပြူတာကိုသုံးနေရင်း ကိုယ့်ကွန်ပြူတာရဲ့ နှေးကွေးလေးလံမှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတွေ ရှိနေတတ်ပါတယ် ..
အရေးကြီးတဲ့ စာတစ်စောင်လောက်ကို အမြန်ရိုက်ချင်တာမျိုး .. အချိန်မပေးနိုင်တဲ့အခြေအနေနဲ့ ကွန်ပြူတာကို အရေးတကြီးသုံးနေရတာမျိုး .. အဲဒီလိုမျိုးတွေ ရှိလာတဲ့အခါ .. ကွန်ပြူတာရဲ့ လုပ်ဆောင်ချက်တွေ နှေးကွေးလေးလံနေမယ်ဆိုရင် တော်တော် စိတ်လေစရာကောင်းပါတယ် ..
ဒါကြောင့် .. ဒီကိစ္စမျိုးကို အဆင်ပြေစေမယ့် ဆော့ဝဲလေးတစ်ခု သူငယ်ချင်းတို့အတွက် မျှဝေပေးချင်ပါတယ် .. ဆော့ဝဲရဲ့နံမည်ကတော့ Speeder XP ပါ ...

တစ်ကယ်တော့ ဒီဆော့ဝဲလေးဟာ ကွန်ပြူတာရဲ့ CPU ကို Pressure ပေးပြီး ခိုင်းစေပေးတဲ့ ဆော့ဝဲလေးဖြစ်တာကြောင့် CPU နိမ့်တဲ့ ကွန်ပြူတာတွေမှာ သုံးမိရင်တော့ Hang သွားတာမျိုးတွေ ဖြစ်တတ်ပါတယ် .. မတော်တဆ Hang သွားရင်လည်း ပြဿနာမရှိပါဘူး .. Restart ပေးလိုက်ရင် Normal ပြန်ဖြစ်သွားပါတယ် .. ကဲ .. စိတ်ဝင်စားလို့ စမ်းသုံးကြည့်ချင်တယ်ဆိုရင်
ဒီမှာဒေါင်းလိုက်ပါ ..
ဒေါင်းပြီးပြီဆိုရင်တော့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်တဲ့အခါ ဖိုင်နှစ်ဖိုင်ထွက်လာပါမယ် ..
speeder.exe ဆိုတဲ့ဖိုင်လေးကို Double Click နှိပ်ပြီး Install လုပ်လိုက်ပါ ..
Install လုပ်လို့ပြီးသွားရင် ဖွင့်သုံးလိုက်တာနဲ့ Register တောင်းပါလိမ့်မယ် .. သူနဲ့အတူပွင့်လာတဲ့ Internet Browser ကိုလည်းပိတ်လိုက်ပါ .. ပြီးရင် Register လုပ်ဖို့အတွက် .. ပါလာတဲ့ Keygen ဖိုင်လေးကို Double Click နှိပ်ပြီး Run လိုက်ရင် User Name နဲ့ Key ထွက်လာပါမယ် .. User Name ကို ကော်ပီကူးပြီး Register Form ထဲက User Name အကွက်ထဲမှာ Paste လုပ်ပါ ..
Key ကိုလည်း ကော်ပီကူးပြီး Form ထဲက Key ထည့်ရမယ့်အကွက်မှာ Paste လုပ်လိုက်ပါ ..
အဲဒါဆိုရင် .. ဆော့ဝဲလေးဟာ Full Version ဖြစ်သွားပါပြီ ..
သူ့ကို အသုံးပြုတော့မယ်ဆိုရင် ... Default အနေနဲ့ Normal (အလယ်မှာ မြားလေးရှိနေတယ်) ပေးထားပါတယ် .. မြန်နှုန်းမြှင့်ချင်တယ်ဆိုရင်တော့ Fast ရှိတဲ့ဖက်ကို မြားလေးကို ဆွဲရွှေ့ပေးပြီး Apply ကိုနှိပ်ပေးလိုက်ပါ .. သိသိသာသာပဲ .. မြန်နှုန်းမြင့်လာတာကို တွေ့ရပါလိမ့်မယ် .. ဒါပေမယ့် .. Fast ရှိတဲ့ အဆုံးအထိတော့ မထားစေချင်ပါဘူး .. Hang သွားမှာစိုးလို့ပါ ..
Normal ပြန်ဖြစ်ချင်ရင်တော့ Apply ရဲ့ဘေးမှာရှိတဲ့ Default ကိုနှိပ်ပေးလိုက်ရုံပါပဲ ..
ကျွန်တော် သုံးကြည့်သလောက်ကတော့ Windows 8 အထိ သုံးလို့ရတာတွေ့ရပါတယ် ..
ကဲ .. ဒီလောက်တောင်နှေးတဲ့ ကွန်ပြူတာ .. ကဲကွာဆိုပြီး .. ခိုင်းကြည့်လိုက်ပါ .. (အမြဲတမ်း သုံးထားရင်တော့ CPU မှာ Heat တက်နှုန်းမြင့်တတ်တာကြောင့် .. တစ်ကယ်အရေးကြီးမှ အသုံးပြုသင့်ပါတယ် .. ) ..
နည်းပညာလေ့လာနေတဲ့ သူငယ်ချင်းတွေအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး မှတစ်ဆင့် ပြန်လည်ကူးယူဖော်ပြထားပါသည်။
ဒေါင်းလို့ရတယ် ဘာထွက်ခဲ့လဲမသိဘူး ကျနော့်ကွန်ပြူတာနေးနတယ်တချက်လောက်ရုင်း2လေးလိုခြင်းတယ်ကျေးဇူးပါပဲ
ReplyDelete